ရှစ်လန်ပါ့ ရေလှောင်တမံ
ရှစ်လန်ပါ့ ရေလှောင်တမံ
2026-05-21 16:11

ရှစ်လန်ပါ့ ရေလှောင်တမံဟာ ထိန်ချုံမြို့သမိုင်းတစ်လျှောကမှာ အစောဆုံး တည်ဆောက်ခဲ့ တဲ့ အကြီးစား ဆည်မြောင်း တည်ဆောက်မှုတွေထဲက တစ်ခုဖြစ်ပြီး ယခုဆိုရင် နှစ်ပေါင်း ၅၈၀ ကျော် သက်တမ်းရှိခဲ့ပါပြီ။ ၄င်းဟာ ထိန်ချုံမြို့ရဲ့ အနောက်မြောက်ဘက် သာယင်းတောင် တောင်ခြေမှာ တည်ရှိပြီး ရေအရင်းအမြစ်ကတော့ လုံဝမ်ထန် စိမ့်စမ်းရေကနေ အဓိက စီးဆင်းလာတာပါ။ (ရှေးခေတ်ကတော့"ပန့်ထင်ရေရှင်"လို ခေါ်ဆိုကြပါတယ်)။ ဒီနေရာဟာ ရှေးဟောင်း "ထိန်ယွဲ့ဒေသ (‌ထိန်ချုံမြို့ရဲ့ ရှေးဟောင်းအမည်) ရဲ့ အလှဆုံး ရှုခင်း ၁၂ ပါး" ထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ဒီရေလှောင်တမံဟာ မင်မင်းဆက်ခေတ်၊ ကျန့်ထုန်နှစ်ကာလ (၁၄၄၄ မှ ၁၄၄၉ ခုနှစ်) အတွင်းမှာ စစ်ဘက်‌ရေးရာ ဒုဝန်အမတ်ကြီးတွေဖြစ်ကြတဲ့ ဟိုကျင့်နဲ့ ရန်နင်တို့က စစ်သည်တော်တွေကို ဦးဆောင်ကာ ရေကာတာဆောက်၊ လယ်ယာစိုက်ပျိုးရာကနေ အစွဲပြုပြီး "ရှစ်လန်ပါ့" လို့ အမည်တွင်လာခဲ့တာပါ။ 《ထိန်ယွဲ့ဒေသ မှတ်တမ်း》 အရ - "မင်းမင်းဆက်ရဲ့ ဒုဝန်ကြီး ဟိုကျင့် ထိန်ချုန်းမှာ စခန်းချစဉ်အချိန်က အနောက်ဘက်ဆင်ခြေဖုံးမှာ လယ်ယာမြေဧက များစွာကို တွေ့ရပြီး ရေအရင်းအမြစ်ကို လိုက်ရှာရာကနေ သာယင်းတောင်ခြေက လုံဝမ်ထန်မှာ စိမ့်စမ်းရေတွေ ထွက်ရှိနေတာကို တွေ့ရှိခဲ့ခြင်း ဖြစ်တယ်" လို့ မှတ်တမ်းတင်ထားပါတယ်။

နောက်ပိုင်းမှာ ပြန်လည်မွမ်းမံပြင်ဆင်ပြီး ကြံ့ခိုင်အောင် လုပ်ဆောင်ခဲ့တာကြောင့် အခုအချိန်မှာတော့ ရှစ်လန်ပါ့ ရေလှောင်တမံဟာ သိုလှောင်ပမာဏ ကုဗမီတာ ၃.၀၈ သန်း ရှိတဲ့ (အသေးစား အဆင့်-၁) ရေလှောင်တမံတစ်ခု ဖြစ်လာခဲ့ပါပြီ။ အဓိကအားဖြင့် စိုက်ပျိုးရေပေးဝေဖို့၊ ရေကြီးမှုကို ကာကွယ်ဖို့နဲ့ ဒေသခံပြည်သူတွေနဲ့ တိရစ္ဆာန်တွေအတွက် သောက်သုံးရေ ပြဿနာတချို့ကို ဖြေရှင်းပေးဖို့ အသုံးပြုနေပါတယ်။

ရေလှောင်တမံရဲ့ ရေပြင်ကျယ်ဟာ လှိုင်းကြက်ခွပ်လေးတွေနဲ့ တောက်ပနေပြီး တောဘဲတွေနဲ့ ရေပျော်ငှက်ကလေးတွေ နားခိုလေ့ရှိပါတယ်။ ပတ်ပတ်လည်မှာ စိမ်းလန်းတဲ့တောင်တန်းတွေနဲ့ ဝန်းရံထားပြီး ရေပြင်ပေါ်မှာ အရိပ်ထင်ဟပ်နေတာက ပန်းချီကားတစ်ချပ်လိုပါပဲ။ ဒီရေလှောင်တမံ ဟာ "ပန့်ထင် ရေရှင်" စမ်းရေတွင်း၊ ရှောင်းအိမ်တော်ဥယျာဥ်တို့နဲ့လည်း တစ်ဆက်တည်း ဆက်စပ်နေတာကြောင့် သာယာလှပတဲ့ ရှုခင်း လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် ရေကန်ပတ်လမ်းကြောင်း၊ ကန်လယ်ကျွန်းငယ်၊ ငါးမျှားစင်နဲ့ ဟေးဖျောင်းအပန်းဖြေစခန်း အစရှိတာ တွေကို တည်ဆောက်ထားပြီးပါပြီ။ အခြေခံအဆောက်အအုံတွေ တဖြည်းဖြည်း ပြည့်စုံလာ တာနဲ့အမျှ... သမိုင်းတန်ဖိုး၊ ရေလုပ်ငန်းတန်ဖိုးနဲ့ ဂေဟစနစ်ခရီးသွားလာရေး၊ ပန်းရှုစားခြင်း၊ လေ့လာရေးခရီးစဉ်၊ ကျန်းမာရေးအပန်းဖြေခြင်း၊ တောင်တက်ခြင်း၊ စားသောက်ဆိုင်နဲ့ တည်းခိုခန်း စတဲ့ တန်ဖိုးတွေ အပြည့်အဝပါဝင်တဲ့ ပြီးပြည့်စုံတဲ့ နယ်မြေတစ်ခု ဖြစ်လာတော့မှာပါ။ လက်ရှိမှာတော့ ပတ်ဝန်းကျင်ဒေသတွေနဲ့ ပူးပေါင်းပြီး 4A အဆင့်ရှိတဲ့ ရှုခင်းသာဇုန်အဖြစ် ဖန်တီးဖို့ ကြိုးပမ်းဆောင်ရွက်နေလျက် ရှိပါတယ်။

တည်းဖြတ်ခြင်း:李冬梅 တာဝန်ယူမှု တည်းဖြတ်ရေး:杨清宗
ကျွန်တော်သည်ပေါင်ဆန်းမြို့တွင်"ဒျန်းချောင်း"ကိုကြည့်ပါသည်။
လှုပ်ရှားမှု ပိုပြီး >>
《Gaoligong Mountain Series》
《Baoshan Small Grain Coffee》
《Taste of Baoshan》
滇公网安备53050202000830号 滇ICP备2026001509号
互联网新闻信息服务许可证 许可单位:保山市对外传播交流中心 许可证号:53120250007