Roselle သည် ချောင်းဆိုးခြင်းကို သက်သာစေခြင်း၊ သွေးပေါင်ချိန်ကို လျှော့ချပေးခြင်းနှင့် အရက်နာကျခြင်းကို သက်သာစေခြင်း စသည့် အာနိသင်ရှိသော ပျိုးပင်မျိုးဖြစ်သည်။ ယူနန်ပြည်နယ်၏ အနောက်တောင်ပိုင်းဒေသတွင် တည်ရှိသော ထိန်ချုံမြို့သည် Roselle များ စိုက်ပျိုးရန်အတွက် သင့်လျော်သော ထူးခြားသော ရာသီဥတုနှင့် ပထဝီဝင်အနေအထားရှိသည်။
၂၀၂၂ ခုနှစ်တွင် Roselle စိုက်ပျိုးသူ ရန်ဝေးဟိုင်သည် ထိန်ချုံမြို့တွင် Roselle တရုတ်ဧက ၄၀ နီးပါးကို စိုက်ပျိုးခဲ့ပြီး စုစုပေါင်းအထွက်နှုန်းမှာ တန်ချိန် ၄၀ ကျော်ရှိသည်။ "ကျွန်ုပ်သည် Roselle ထုတ်ကုန်တွေ နက်ရှိုင်းတဲ့ ထုတ်လုပ်မှုကို တက်ကြွစွာ စူးစမ်းလေ့လာပြီး အရောင်းလမ်းကြောင်းများကို ထပ်မံချဲ့ထွင်ပါမယ်"ဟု ရန်ဝေးဟိုင်က ပြောဆိုသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ထိန်ချုံမြို့မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)