တရုတ်-မြန်မာ နယ်စပ် လုံးလင်ခရိုင်တွင် ထောင်ပေါင်များစွာသော လူများသည် စကောထမင်းဝိုင်းကို အတူသုံးဆောင်ခဲ့
တရုတ်-မြန်မာ နယ်စပ် လုံးလင်ခရိုင်တွင် ထောင်ပေါင်များစွာသော လူများသည် စကောထမင်းဝိုင်းကို အတူသုံးဆောင်ခဲ့
云桥网| 2025-07-26 15:08

ယခုရက်ပိုင်းတွင် အဝေးမှလာသော ဧည့်သည်တော်များနှင့် မိတ်ဆွေများသည် တရုတ်-မြန်မာ နယ်စပ် လုံးလင်ခရိုင် မွန်နောမြို့နယ်တွင် ဆုံစည်းကာ တိုင်(ရှမ်း)လူမျိုးတို့၏ သင်္ကြန်ပွဲတော်ကို အတူတကွ ဆင်နွှဲခဲ့ကြသည်။ မင်္ဂလာကျက်သရေရှိသော နေ့ထူးနေ့မြတ်တွင် မွန်နောမြို့နယ်သည် ထောင်ပေါင်းများစွာသော ဒေသအသီးသီးတို့မှ ဧည့်သည်တော်များအား စကောထမင်းဝိုင်းဖြင့် ဧည့်ခံကျွေးမွေးရာ တိုင်(ရှမ်း)လူမျိုးတို့၏ ထူးခြားချက်များ ပါရှိသော စားကောင်းသောက်ဖွယ်များအား မြည်းစမ်းသုံးဆောင်ကြရသည်။

စားပွဲရှည်တန်းဧည့်ခံပွဲတွင် ရောင်စုံထမင်း၊ ကြက်သားသုပ်၊ ငါးချဥ်စပ်၊ အမဲသားခြောက်သုပ်၊ သင်္ကြန် ကောက်ညှင်းထုပ်နှင့် နာနတ်သီးကောက်ညှင်းထမင်းပေါင်း စသည့် တိုင်(ရှမ်း)လူမျိုးတို့၏ တစ်မူထူးခြားသော စားကောင်းသောက်ဖွယ်များသည် စားသုံးသူများအား ခံတွင်းတွေ့စေသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ပေါင်စန်းမြို့ မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

တည်းဖြတ်ခြင်း:赵晓东 တာဝန်ယူမှု တည်းဖြတ်ရေး:杨清宗
ကျွန်တော်သည်ပေါင်ဆန်းမြို့တွင်"ဒျန်းချောင်း"ကိုကြည့်ပါသည်။
လှုပ်ရှားမှု ပိုပြီး >>
《Gaoligong Mountain Series》
《Baoshan Small Grain Coffee》
《Taste of Baoshan》
滇公网安备53050202000830号 滇ICP备2026001509号
互联网新闻信息服务许可证 许可单位:保山市对外传播交流中心 许可证号:53120250007