
ယခုရက်ပိုင်းတွင် ပေါင်စန်းမြို့ ချမ်းနင်ခရိုင် ထျန်ယွမ်မြို့နယ် ရှစ်ကျောက်ထျန်ကျေးရွာစုမှ ရွာသူ ဖူးလင်ဖုန်းသည် သစ်တောတွင် ဧရာမကန်ဘာမှိုတစ်ခုကို ဆွတ်ခူးရရှိခဲ့ပါသည်။ ဤဧရာမကန်ဘာမှို၏ အချင်း ၄၅ စင်တီမီတာရှိပြီး အလေးချိန် ၁.၅၅ ကီလိုဂရမ်ရှိကာ ရွာသူရွာသားများကို လာရောက်ကြည့်ရှုရန် များစွာ ဆွဲဆောင်ခဲ့သည်။

"ကျွန်မ ကန်ဘာမှိုရှာနေတာ နှစ်ပေါင်း ၄၀ ကျော်ပြီ။ ဒါပေမယ့် ဒီလိုမှိုမျိုးကြီးကို တစ်ခါမှ မတွေ့ဖူးဘူး" ဟု ဖူးလင်ဖုန်းက ပြောရင်းနှင့် အရမ်းစိတ်လှုပ်ရှားခဲ့ပါသည်။

"ဒီ ကန်ဘာမှိုက ကြီးပြီး လှတယ်။ အရမ်းရှားတယ်။ ဒီနှစ် ဒေသတွင်းဈေးကွက်ပေါက်ဈေးအရ ယွမ် ၃၀၀၀ ဝန်းကျင်လောက် ရှိတယ်" ဟု ချမ်းနင်ခရိုင် ထျန်ယွမ်မြို့နယ်မှ တောရိုင်းမှိုကုန်သည် လူယာတီးက ပြောသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ခိုင်ဖိန်သတင်း
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)