
ဇန်နဝါရီလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၂၀၂၅ တရုတ်နိုင်ငံ ကော်ဖီဖျော်ခြင်းပြိုင်ပွဲ တစ်ပြည်လုံးချန်ပီယံဆုပြိုင်ပွဲကြီးကို ပေါင်ဆန်းမြို့လုံယန်ခရိုင်လုကျန်းမြို့နယ်ရှိ ဇိုယွမ် ကော်ဖီဥယျာဥခြံတွင် ကျင်းပခဲ့ပါသည်။ အရှေ့ပိုင်းဒေသ၊ အနောက်ပိုင်းဒေသ၊ ကွမ်တုန်း- ဟောင်ကောင်-မကာအို-ကြီးမြတ်သော ပင်လယ်ကွေ့ဒေသ၊ ဗဟိုဒေသ၊ မြောက်ပိုင်းဒေသနှင့် ပေါင်ဆန်းထွက်ကုန်ဒေသများမှ အနိုင်ရလက်ရွေးစင်အားကစားသမားများ ၂၉ ဦး ပေါင်ဆန်းမြို့တွင် စုဝေးခဲ့ကြပြီး ကျွမ်းကျင်မှုဖြင့် ကောင်းမွန်သည့်ကော်ဖီဖျော်ခြင်း၏ အနုပညာကို ဖော်ပြခဲ့ကြကာ တိုင်းပြည်အနှံ့မှ ကော်ဖီဝါသနာရှင်များနှင့် လုပ်ငန်းဆိုင်ရာပုဂ္ဂိုလ်များ၏ ကျယ်ပြန့်စွာ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ဤပြိုင်ပွဲကြီးကို ဖေးဂျီကျယ် (ရှန်ဟိုင်း) ယဉ်ကျေးမှုကုမ္ပဏီလီမိတက်၊ပေါင်ဆန်းမြို့လုံယန်ခရိုင် ဇိုယွမ်ကော်ဖီကုမ္ပဏီလီမိတက်နှင့် ဒယန်ရှာကော်ဖီဥယျာဥ်ခြံ၊•လုကျန်း အမှတ်(၁)တို့မှပူးပေါင်းလက်ခံကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပြိုင်ပွဲတစ်ခုလုံးကိုပေါင်ဆန်းမြို့လုံယန်ခရိုင်လုကျန်းမြို့နယ်ရှိ ဇိုယွမ်ကော်ဖီဥယျာဥ်ခြံတွင်ပင်ကျင်းပခဲ့ပါသည်။ပြိုင်ပွဲစည်းမျဉ်းများကိုအပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်အညီတင်းကျပ်စွာကျင်းပခဲ့ကာ ဆွေးနွေးရွေးချယ်လူကြီးအဖွဲ့ကို ပြည်တွင်းမှအတွေ့အကြုံရင့်ကော်ဖီပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး ပြိုင်ပွဲလက်ရွေးစင်အားကစားသမားများ၏ ဖျော်ပြမှုအသေးစိတ်၊ ဖျော်ခြင်းနည်းပညာ၊ အာရုံခံအတွေ့အကြုံ စသည့် ဆယ်ကျော်အချက်များနှင့် ရှုထောင့်များအပေါ်အမှတ်ပေးခဲ့ပါသည်။ပြိုင်ပွဲလက်ရွေးစင်အားကစားသမားများသည် သတ်မှတ်ဖျော်စစ်နှင့်မိမိရွေးချယ်ဖျော်စစ် နည်းလမ်းနှစ်မျိုးဖြင့် သတ်မှတ်အချိန်အတွင်း အကောင်းဆုံးကော်ဖီအရသာကို ဖော်ပြခဲ့ ကြပါသည်။ သုံးရက်ကြာ အပြင်းအထန်နင်လားငါလားဖက်ပြိုင်ကြပြီး နောက်ဆုံး၌ Zhang Lewen၊ Zhang Yuanjing၊ Lin Ye တို့ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပြီး ချန်ပီယံ၊ ဒုတိယနှင့် တတိယဆုများကို အသီးသီးရရှိခဲ့ကြပါသည်။

တရုတ်နိုင်ငံ ကော်ဖီဖျော်ခြင်းပြိုင်ပွဲသည် ၂၀၁၅ ခုနှစ်မှ စတင်ကျင်းပခဲ့သည်မှစ၍ ယခု အထိ ဆယ်ကြိမ် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး ပေကျင်း၊ ရှန်ဟိုင်း၊ ကြက်ကျန်း၊ ကွမ်တုန်း၊ တိဘက်နှင့် ရှင်းကျန်း စသည့် ပြည်နယ်များ၊ဗဟိုအစိုရမှတိုက်ရိုက်ါအုပ်ချူပ်သောမြို့များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများအပါအဝင် ဒေသပေါင်း ၃၃ ခုသို့ ခြေရာ ချခဲ့ကာ တိုင်းပြည်၏ ၉၇% သောပြည်နယ်များကို လွှမ်းခြုံထားခဲ့ပြီး မြို့ပေါင်း ၂၀၇ မြို့တွင် ပြိုင်ပွဲပေါင်း ၂၉၀ ကို ကျင်းပခဲ့ပါသည်။ ၎င်းသည် တရုတ်နိုင်ငံ ကော်ဖီလုပ်ငန်း၏ အမှတ်အသားဆိုင်ရာ ပြိုင်ပွဲတစ်ခုဖြစ်ပါသည်။ ပြိုင်ပွဲတွင် ထူးချွန်သော ကော်ဖီဖျော်ပညာရှင်ပေါင်း ၆၅၀၀ ကျော် ပါဝင်ခဲ့ပြီးပြည်တွင်းပြည်ပဆွေးနွေးရွေးချယ်လူကြီးများ ၁၈၀၀ ကျော်ရှိခဲ့၍ စပွန်ဆာပြုလုပ်ပူးပေါင်းဆောင်ရွက်ခဲ့သော ကော်ဖီလုပ်ငန်းပေါင်း ၂၉၀ ကျော်ရှိခဲ့ကာ ယူန်နန်ကော်ဖီဥယျာဥ်ခြံပေါင်း ရာနီးပါးခန့်သည် ဤပြိုင်ပွဲပလက်ဖောင်းကို အသုံးချ၍ ၎င်းတို့၏ ကောင်းမွန်သောကော်ဖီများကို ပြသခဲ့ပါသည်။

ဆယ်နှစ်အတွင်း တရုတ်နိုင်ငံကော်ဖီဖျော်ခြင်းပြိုင်ပွဲ တစ်ပြည်လုံးချန်ပီယံဆုပြိုင်ပွဲကြီး သည် သုံးကြိမ် ပေါင်ဆန်းမြို့တွင် ကျင်းပခဲ့ပါသည်။ ဤအကြိမ် တစ်ပြည်လုံးချန်ပီယံဆုပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခြင်းသည် ပေါင်ဆန်းစေ့သေးကော်ဖီ၏လွှမ်းမိုးမှုကို ပိုမိုမြှင့်တင်ပေးနိုင်ပါ သည်။ ဒေသတွင်း ကော်ဖီလုပ်ငန်းအတွက်လည်း ပိုမိုသောဖွံ့ဖြိုးရေး အခွင့် အလမ်းများ ယူဆောင်လာပေးနိုင်ခဲ့ပါသည်။ အနာဂတ်တွင်ပေါင်ဆန်းမြို့သည် စက်မှုလုပ်ငန်းကွင်းဆက်အထားအသိုကို ဆက်လက်နက်ရှိုင်းစွာ လုပ်ဆောင်သွားမည်။ ပြည်တွင်းပြည်ပကော်ဖီလုပ်ငန်းများ၏ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်၊ကော်ဖီစီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးရန်၊ ဆောင်ရွက်သွားမည်ဖြစ်ပြီး “ပေါင်ဆန်းစေ့သေးကော်ဖီ”ကို ကမ္ဘာ့ကော်ဖီဈေးကွက်အတွင်း ရွှေရောင်အမည်ကတ်ပြားတစ်ရွက်အဖြစ် ရပ်တည်နိုင်စေရန် လုပ်ဆောင်သွားမည်။