ထိန်ချုံကျောက်စိမ်းပန်းပုထုတ်လုပ်မှု
ထိန်ချုံကျောက်စိမ်းပန်းပုထုတ်လုပ်မှု
2026-04-16 16:13

ထိန်ချုံသည် “ကျောက်စိမ်းမြို့တော်” ဟူသော ဂုဏ်သတင်းကို ရှိပါသည်။ မြန်မာနိုင်ငံရှိ ကျောက်စိမ်းအဓိကထွက်ရာ ဒေသများနှင့် ကီလို မီတာ ၂၀၀ ခန့်သာ ကွာဝေးသည်။ ထူးခြားသော ပထဝီအနေအထားကြောင့် တရုတ်နိုင်ငံ၏ သမိုင်းတွင် အစောဆုံးပေါ်ပေါက်ပြီး အကြာဆုံးတည်ရှိခဲ့သည့် ကျောက်စိမ်းကုန်သွယ်မှုဗဟိုဌာန ဖြစ်လာခဲ့ကာ ကမ္ဘာပေါ်တွင် ကျောက်စိမ်း ပြုပြင်ထုတ်လုပ်ခြင်းကို စတင်ခဲ့သည့်နေရာလည်း ဖြစ်သည်။ ထိန်ချုံ ကျောက်စိမ်းပန်းပုထုတ်လုပ်မှုသည် မင်းဆက်အလယ်ပိုင်းတွင် စတင်ခဲ့ပြီး ချင်းမင်းဆက် တွင် ထွန်းကားခဲ့သည်။

ထိန်ချုံ ကျောက်စိမ်းလက်ရာများသည် ကျောက်စိမ်းကို ကုန်ကြမ်းအဖြစ် အသုံးပြုထုလုပ်ထားခြင်းဖြစ်ပြီး အမျိုးအစားများခြင်း၊ ပုံစံလှပခြင်း၊ လက်ရာအနုပညာချောမွေ့ခြင်း၊ ပုံသဏ္ဍန်နှင့်အရောင်တို့ လိုက်ဖက်ညီခြင်း တို့ကြောင့် အခြားသော ကျောက်စိမ်းလက်ရာများ မမီနိုင်အောင် ကောင်းမွန် သည်။  အကောင်းဆုံးသော ကျောက်စိမ်းပန်းပုများသည် စိန်နှင့် ယှဉ်ပြိုင်နိုင် သည်။ အဓိက ထုတ်ကုန်များမှာ အပွင့်၊ ကြက်နှလုံးပုံဆွဲကြိုး၊ လူ၏မွေးနှစ် မှတ်သားရန်သတ်မှတ်ထားသောတိရစ္ဆာန် ၁၂ မျိုး၊ လက်ကောက်၊ ဘုရားရုပ်ပွားတော်၊ တံဆိပ်၊ နဂါးနှင့်ဖီးနစ်ငှက်တံဆိပ်၊ ရှစ်ဖြူရှင်၊ လက်စွပ်ဝတ်ရန် လက်ျာလက်မတွင် တပ်ဆင်သည့် လက်စွပ်၊ ကျောက်စိမ်းဆံထိုး၊ နားကပ်၊ လည်ဆွဲ၊ လက်ကိုင်ပစ္စည်းနှင့် အလှဆင်ပစ္စည်း စသည့် မျိုးကွဲရာနှင့်ချီရှိပြီး အများစုမှာ ပြည်တွင်းပြည်ပ ဈေးကွက်တွင် ရောင်းအားကောင်းပါသည်။

ထိန်ချုံ ကျောက်မျက်ရတနာထုတ်လုပ်သည့် လက်မှုပညာရှင်များ သည် ဘိုးဘွားများ၏ “အပြည့်အစုံနှင့်အဆင့်အတန်းမြင့်မားရန်  ရှာဖွေကြိုးစားခြင်း” ဟူသော ရိုးရာ ဓလေ့ကို အမြဲတမ်းလက်ခံထားကြပါသည်။ ပုံစံအမျိုးမျိုး၊ ကျောင်းအသီးသီး၏ ထူးချွန်ချက်များကို ပေါင်းစပ်ကာ ပစ္စည်းတစ်ခုစီ၏ သဘောသဘာဝအလိုက် ရိုးရာယဉ်ကျေးမှုနှင့် ခေတ်မီလက်မှုပညာတို့ကို အနုပညာဆန်စွာ ပေါင်းစပ် ဖန်တီးခဲ့ကြပြီး ထူးခြားသော ကျောက်မျက်ရတနာ ထုတ်လုပ်မှုပုံစံကို ဖန်တီးနိုင်ခဲ့ကြသည်။ ထွက်ရှိလာသောလက်ရာများသည် ဖွဲ့စည်းပုံ ဂရုစိုက်ခြင်း၊ ထွင်းထုမှု သေသပ်သိမ်မွေ့ခြင်း၊ မျဉ်းကြောင်းများ ချောမောခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံတည်ကြည်လေးနက်ခြင်း၊ ပုံစံကြော့ရှင်း ပြေပြစ်ခြင်း၊ သန့်ရှင်းလတ်ဆန်း၍ အနုစိတ်သောနေရာများတွင် ကျွမ်းကျင်မှု ကို တွေ့ရပြီး အလွန်မြင့်မားသော အနုပညာတန်ဖိုးရှိသည်။ ထို့ကြောင့် ကုန်သည်များနှင့် စားသုံးသူများ၏ ချစ်ခင်နှစ်သက်ခြင်းကို ခံရပြီး ပြည်တွင်း ပြည်ပစုဆောင်းရေးလောကတွင် အနှစ်သက်ဆုံး အသစ်ဖြစ်လာ သည်။

保山文旅供图

မကြာသောနှစ်များအတွင်း တိန်ချုံကျောက်စိမ်းထုလုပ်မှုလုပ်ငန်းသည်အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ကျောက်မျက်ရတနာထုတ်လုပ်သည့် လက်မှုပညာရှင်အဖွဲ့အစည်းမှာ ဆက်လက်ကြီးထွားလာကာ လက်မှုပညာ အဆင့်အတန်းမှာ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်လျက်ရှိပြီး ကျွမ်းကျင် လက်မှုပညာရှင်များလည်း အဆက်မပြတ် ပေါ်ထွက်လျက်ရှိသည်။ လက်ရှိ တွင် မြို့တစ်မြို့လုံး၌ ဈေးကွက်ကြီးများ ၃၀ ကျော်၊ လုပ်ငန်းရှင် ၁၆၀၀ ကျော်၊ ကျောက်မျက်ရတနာထုတ်လုပ်သည့်လက်မှုအလုပ်ရုံ ၃၀၀ ကျော်၊ အချောကိုင် သောကုမ္ပဏီ၂၀ ကျော်၊ တစ်ဦးချင်း လုပ်ငန်းရှင် ရာနှင့်ချီရှိပြီး လုပ်သားဦးရေ ၂၀,၀၀၀ ကျော်အထိ ရှိလာသည်။

တည်းဖြတ်ခြင်း:李冬梅 တာဝန်ယူမှု တည်းဖြတ်ရေး:杨清宗
ကျွန်တော်သည်ပေါင်ဆန်းမြို့တွင်"ဒျန်းချောင်း"ကိုကြည့်ပါသည်။
လှုပ်ရှားမှု ပိုပြီး >>
《Gaoligong Mountain Series》
《Baoshan Small Grain Coffee》
《Taste of Baoshan》
滇公网安备53050202000830号 滇ICP备2026001509号
互联网新闻信息服务许可证 许可单位:保山市对外传播交流中心 许可证号:53120250007