ဇန်နဝါရီလ ၁၉ ရက်နေ့တွင် “AIဖြင့်ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ရေးဆွဲခြင်း·ပေါက်ဖော်ချစ်ကြည်ရေးကို ဆွေးနွေးခြင်း” တရုတ်-မြန်မာဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ပိုစတာ ဒီဇိုင်းထူးချွန်လက်ရာများကို ယူနန် ပြည်နယ် ပေါင်ဆန်းမြို့ရှိ ပေါင်ရှုပ်အောင်ရင်ပြင်တွင် ပြသခဲ့သည်။ ဆုရသည့်လက်ရာ ၂၉ ခုတွင် ရုန်ဇင်(တရုတ်ဝေချီ(ဝိုင်းပိတ်ကျား)၊ ထိန်ချုံအရိပ်ပြရုပ်သေးရုပ် နှင့် မြန်မာနိုင်ငံ၏ရုပ်သေးရုပ်နှင့်ပန်းထိုးခြင်းစသည့် အကြောင်းအရာများ ပါဝင်ပြီး မြို့သူမြို့သားများစွာကို စိတ်ဝင်စားမှုဖြင့် ကြည့်ရှုစေသည်။
