တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ယူနန်ပြည်နယ် ရောက် မြန်မာလူငယ်ကောင်လေးတစ်ယောက်
တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ယူနန်ပြည်နယ် ရောက် မြန်မာလူငယ်ကောင်လေးတစ်ယောက်
2025-08-04 09:39

ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


“ယူနန်ပြည်နယ်ရောက် မြန်မာလူငယ်ကောင်လေးတစ်ယောက်” ဗီဒီယိုတွင် ယူနန်ပြည်နယ် ပေါင်စန်းမြို့ (Baoshan)တွင် ရောက်ရှိနေထိုင်နေသော မြန်မာလူငယ်ကောင်လေးတစ်ဦး၏ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေထိုင်ရသည့် ပျော်ရွှင်ဖွယ်စိတ်ခံစားချက်နှင့် မြန်မာနိုင်ငံရှိ မိသားစုများအပေါ် လွမ်းဆွတ်တမ်းတနေမှုများကို တင်ဆက်ဖော်ပြထားပါသည်။

WeChat Image_20220309205244.jpg

ထိုမြန်မာလူငယ်ကောင်လေးသည် သူ ပေါင်စန်းမြို့ (Baoshan)တွင် အလုပ်လာရောက်လုပ်ကိုင်နေသည်မှာ အချိန်(၄)၊(၅)နှစ် ရှိနေပြီဖြစ်ကြောင်း၊ သူဌေးက သူ့အပေါ်တွင် အလွန်ကောင်းမွန်ပါကြောင်း၊ အလုပ်အကိုင် အဆင်ပြေချောမွေ့ပါကြောင်း၊ ဘဝနေထိုင်မှုမှာ လွတ်လပ်ပျော်ရွှင်ပါကြောင်း၊ နေ့စဉ်နေ့တိုင်း WeChat နှင့် Viber အစရှိသည့် ဆက်သွယ်ရေးဆော့ဖ်ဝဲလ်များဖြင့် ရပ်ဝေးရှိ မြန်မာမိသားစုနှင့် ဖုန်းခေါ်ဆို ဆက်သွယ်ပြောဆိုနိုင်သည်ဟု ပြောကြားပါသည်။

WeChat Image_20220309205249.jpg

ယခု သူ အလုပ်လုပ်ကိုင်နေသည့် ဤဆိုင်လေး၏ အပြင်အဆင်များသည် မြန်မာ့အငွေ့အသက်များနှင့် ပြည့်နှက်နေပြီး မြန်မာနိုင်ငံနှင့် ပတ်သက်ဆက်နွှယ်နေသော ပစ္စည်းလေးများ အများအပြားရှိကာ နံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားများသည်လည်း မြန်မာ့ရှုခင်းပုံများဖြစ်သည်။ ဤသည်မှာ သူ့အတွက် အလွန်ပင် ရင်းနှီးနွေးထွေးစေပါသည်။

WeChat Image_20220309205253.jpg

သူသည် ကပ်ရောဂါဆိုးကြီး အမြန်ဆုံးပြီးဆုံးရန် မျှော်လင့်နေပြီး ထိုမှသာလျှင် သူ့အနေဖြင့် အမိနိုင်ငံသို့ အဆင်ပြေလွယ်ကူစွာ ပြန်သွားနိုင်ပြီး မိသားစုနှင့် တွေ့ဆုံခွင့်ရနိုင်မည် ဖြစ်သည်။

တည်းဖြတ်ခြင်း:赵晓东 တာဝန်ယူမှု တည်းဖြတ်ရေး:杨清宗
ကျွန်တော်သည်ပေါင်ဆန်းမြို့တွင်"ဒျန်းချောင်း"ကိုကြည့်ပါသည်။
လှုပ်ရှားမှု ပိုပြီး >>
《Gaoligong Mountain Series》
《Baoshan Small Grain Coffee》
《Taste of Baoshan》
滇公网安备53050202000830号 滇ICP备2026001509号
互联网新闻信息服务许可证 许可单位:保山市对外传播交流中心 许可证号:53120250007