ထိန်ချုံရေပူစမ်းရှုခင်းသောနေရာသည် ထိန်ချုံခရီးသွားလာရေး အထင်ကနေရာဖြစ်ပြီး စိမ်းလမ်းစိုပြည်သော ရေမြေတောတောင်ဝန်းရံ လျက်ရှိပါသည်။ ရှုခင်းသာယာလှပ၍ ဘူမီ အပူအရင်းမြစ်များ ကြွယ်ဝပြီး ရေပူစမ်းအုပ်စု နေရာ (၈၀) ကျော် ရှိပါသည်။ နေရာတကာတွင် အငွေ့တထောင်းထောင်းနေသော ရေပူစမ်းများကို တွေ့မြင်နိုင်ပြီး ပွက်ပွက်ဆူနေသော ရေပူစမ်းကန်သည် နာမည်အလွန်ကြီးလှပြီး ထူးခြားသောနေရာတစ်ခု ဖြစ်ပါသည်။
