ရုန်ချန်အဆောင်(ရုန်ဇီတရုတ်ဝေချီ (ဝိုင်းပိတ်ကျား) ကျောင်းသည် ပေါင်ဆန်းမြို့ ချင်းဟွာဟိုင်ရေကန်အလယ်ကျွန်းပေါ် တည်ရှိပါသည်။ ရုန်ဇီ(တရုတ်ဝေချီ (ဝိုင်းပိတ်ကျား) တွင် ပါဝင်သောကစားစေ့) ယဥ်ကျေးမှု ဥယျဥ်၏ အဓီကရှုခင်းနေရာ ဖြစ်သည်။ အဆောက် အအုံ ဗိသုကာပုံစံမှာ ခမ်းနားကြီးကျယ်၍ လူမှုအသိုက်အဝန်းယဥ်ကျေးမှုကို ပေါ်လွင်စေပြီး ရိုးရာအနှစ်သာရကို မြင်သာအောင် တည်ဆောက်ထားပါသည်။ အဆောင်ဘုံအဆင့် ကိုးထပ်ရှိပြီး ခံ့ညားစွာ ရပ်တည်လျက်ရှိသည်။ အရှေ့အနောက်တွင် တောတောင်ဝန်းရံ ထားပြီး ပတ်ဝန်းကျင်မှာ အေးချမ်းသာယာလှသည်။ ကန်ရေပြင် ကြည်လင်လှပါသည်။ တရုတ်ဝေချီ (ဝိုင်းပိတ်ကျား) ဝါသနာရှင်များနှင့် ခရီးသွားဧည့်သည်များအတွက် ရုန်ဇီ (တရုတ်ဝေချီကစားစေ့) ယဥ်ကျေးမှုကို အခမဲ့ လေ့လာသင်ယူနိုင်သည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတက တရုတ်ဝေချီ (ဝိုင်းပိတ်ကျား) ပြိုင်ပွဲများလည်း ကျင်းပလေ့ရှိပါသည်။ “ကမ္ဘာ့နံပတ်တစ် တရုတ်ဝေချီအဆောင်”ဟုနာမည်ကျော်ကြားသော ရုန်ချန်းဒေသ၏ လူမှုစလေ့များ၊ဒေသတွင်း အဆောက်အအုံထူးခြားမှုများကို အခြေခံ၍ရိုးရာ ဗိသုကာလက်ရာများဖြင့် ကြီးကျယ်ခမ်းနားစွားအရောင်သွေးစုံလင်စွားဖြင့် ပန်းချီ ကားချပ်သဖွယ်သင့်တယ်လှပစွာ တည်ရှိလျက်ရှိပါသည်။ ဒေသတွင်းလက္ခဏာ၊ခေတ်အခါ၏ လက္ခဏာများကို ပေါ်လွင်စေပြီးပေါ်ဆန်းမြို့၏ အထင်ကရအဆောက်အအုံ တစ်ခုလည်း ဖြစ်ပါသည်။

保山文旅供图