စွန်းဟွားမုန့်သည် ထိန်ချုံမြို့တွင် အများဆုံးတွေ့ရလေ့ရှိသော အရသာချိုသောအစားအစာတစ်မျိုးဖြစ်ပြီး ထင်းရှူးပန်းဝတ်မှုန်နှင့် ချင်ရွေးနီတို့ဖြင့် ပြုလုပ်ထားသည်။ အပေါ်ဆုံးအလွှာသည် ရွှေဝါရောင်ဖြစ်ပြီး အောက်ခြေအလွှာမှာ ခရမ်းရင့်ရောင်ဖြစ်ပါသည်။စိမ်းလန်းသောငှက်ပျောရွက်ပေါ်တွင် ခင်းထားပြီး အရောင်အသွေး တောက်ပထင်ရှား သည့်အပြင် ကြည့်ရတာလှပ၍ အရသာလည်းရှိသည်။ စွန်းဟွားမုန့်ကို နမ်းကြည့်လျှင် ထင်းရှူးပင် ၏ အနံ့လေးသင်းပျံ့နေပြီး မှုန့်ညက်သော ထင်းရှူးပန်းဝတ်မှုန်သည် ပါးစပ်ထဲဝင်သည်နှင့် အေးမြသောဖန်ခါးသက်သက် အရသာကို ခံစားရသည်။ ချင်ရွေးနီ မှုန့်လည်းသေသပ်ကျန၍ သွားကြားတွင် မကပ်ပေ။


保山新闻供图